Saturday, 23 February 2013

ရွှေတိဂုံ စေတီတော်မြတ် (လေးဆူဓါတ်ပုံ ရွှေတိဂုံ)
ကမ္ဘာတစ်ဝှမ်းမှ ၊ မြန်မပြည်သို့  ဒေသန္တရ ဗဟုသုတ ရှာမှီးရင်း ကမ္ဘာအရပ်ရပ်မှ လူကြီး ၊ လူငယ်များ မကြာမကြာပင် ရောက်လာ
ကြည့်ရှူ မှတ်သားကြသော ၊ မြန်မာပြည်တ၀ှမ်းမှ ဘုရားဖူး ပြည်သူများ နှင့် မြန်မာပြည်သူပြည်သားတွေရဲ့ အထွဋ်မြတ်ထားရာ ရွှေတိဂုံ စေတီတော် မြတ်ကြီးသည်
............*ထူးခြား (၉) ဌာနေ ရွှေတိဂုံမြေ* ပေါ်တွင်တည်ရှိပြီး ၊ကမ္ဘာပေါ်ရှိ အမြင့်ဆုံး ဘုရားစေတီမှာ ၃၂၆-ပေ ရှိသော ရွှေတိဂုံ စေတီတော်ပင်ဖြစ်ပြီး ရန်ကုန်မြို့ရှိ သိင်္ဂုတ္တရ ကုန်းတော်ပေါ်တွင် တည်ရှိပြီး ၊ စေတီအစ ရွှေတိဂုံက ဟုဆို
ရလောက်အောင် အစောဆုံး စေတီတော်ကြီး   (ကမ္ဘာ့အံ့ဘွယ်)ဖြစ်သော ၊ သာသနာ သက္ကရာဇ် ၁၀၃ခုနှစ်မှာ စတင်တည်ထား ကိုးကွယ်တော်မူခဲ့တဲ့  လေးဆူဓာတ်ပုံ ရွှေတိဂုံ စေတီေ တာ် မြတ်ကြီး ရဲ့ နှစ်၂၆၀၀ပြည့် ဗုဒ္ဓပူဇနိယ ပွဲတော်
ကျင်းပနိုင်ခဲ့ပါပြီရှင်။ နှစ် ၂၆၀၀ တိုင်သာသနာ့ ခရီးပေါက် တန်ခိုးကြီး အံ့ဖွယ်အဖြာဖြာ နှင့် ပြည့်စုံတော်မူသော ရွှေတိဂုံ စေတီတော်
မြတ်ကြီးကို သိမှတ်ဖွယ်ရာ အဖြာဖြာတို့ဖြင့် ကြည်ညိုသဒ္ဒါပွားစိတ်ဝယ်ထုံမွှန်းနိုင်အောင် ရေးသားဖော်ပြပေးချင်ပါတယ်။
ဤကမ္ဘာလောက၌ ဂေါတမ ဘုရားရှင်ပွင့်တော်မူခဲ့သည်မှာ နှစ် ပေါင်း ၂၆ဝဝ တိုင်ခဲ့ပြီဖြစ်ပါ၏။
မြတ်စွာဘုရားရှင်သည်ဒုက္ကရစရိယာ အကျင့်မြတ်ကို ခြောက်နှစ်မျှ ကျင့် တော်မူပြီးနောက် သဗ္ဗညုတ ရွှေ ဉာဏ်တော်ကို ရရှိတော်မူခဲ့ပါ၏။ ဘုရားရှင်အဖြစ်သို့ ရောက် တော်မူပြီး သတ္တာ သတ္တဟ စံနေ တော်မူစဉ် မွန်နိုင်ငံတော် အသိ တဥနာဂိုရ် ပြည်မှ ကုန်သည် ညီ နောင်ဖြစ်သော တဖုဿနှင့် ဘလ္လိက တို့သည် ရာဇယတနတွင် ဗုဒ္ဓအား ဖူးမြော်ခွင့်ကြုံပါ၏။ ဘုရားရှင်က တရားတော်များ ဟောကြားတော်မူ ပြီး ဆံတော်များကို ပူဇော်ရန် ပေး ခဲ့သဖြင့် လက်ခံပြီး နေရပ်သို့ပြန်လာ ပါ၏။ ထိုဆံတော်များကို ဋ္ဌာပနာ တော်မူ၍ မဟာသက္ကရာဇ် ၁ဝ၃ ခုနှစ် တပေါင်းလပြည့်နေ့တွင် ရွှေ တိဂုံစေတီတော်မြတ်ကြီးကို တည် တော်မူခဲ့သည်ဟု အဆိုရှိပါ၏။
လွန်ခဲ့တဲ့ ရက်အနည်းငယ်က ခိုင်လေး မေမေက ရွှေတိဂုံ နှစ်၂၆၀၀ ပြည့် ကို ဘုရားသွားဖူးကြရအောင်လို့ မေမေကခေါ်တာနဲ့
ရွှေတောင်ကနေ ရန်ကုန်ကို ရောက်ရှိလာခဲ့ပါသည်။ မနက်ရောက်တော့ မေမေ နဲ့ ခိုင်လေး  ရွှေတိဂုံ ဘုရားကို တက်ခဲ့ကြပါတယ်။
....စေတီတော်မြတ် ရှိရာ ဘုရားကုန်းမြေသို့ရောက်ရှိပြီး  ဆောင်းတန်း ရှိ ဈေးတန်းတွေကို ဖြတ်ကျော်လာကြပြီးနောက် ရင်ပြင်တော်ပေါ်သို့ တက်ရောက်ခဲ့ကြသည်။ ရင်ပြင်တော်ပေါ် ရောက်သည်နှင့် ရွှေရောင်တစ်ဝင်းဝင်းနဲ့  ကြည်ညိုသပ္ပာယ်စရာစေတီတော်မြတ်ကြီးကို ဖူးမြော်လိုက်ရသည်မှာ
ရေးပြလို့ မမှီနိုင်အောင်ကြည်နူးပီတိ ဖြစ်ခဲ့ရပါသည်။
မေမေနဲ့ ခိုင်လေး အံ့မခန်းကို လှပလွန်းတဲ့
မညှိုးပန်းတွေပူဇော်ထားတာကိုလဲ
 တွေ့မြင်ခဲ့ရပါတယ်ရှင်။ ပန်းပေါင်းစုံလင်စွာ
 မေမေက မွေးနေ့ဂြိုလ်တိုင်တွေ ဆီမှာ ဦးချ၊
ဘုရားရှိခိုး ၊ ပုတီးစိပ် နေတုန်း ခိုင်လေးကတော့
စည်ကားလွန်းတဲ့ လူတွေ အမှတ်တရ ပစ္စည်းတွေ
ရောင်းနေတဲ့ ဆိုင်တန်းတွေဆီ လျှောက်ကြည်ပနေမိပါသည်။
လူတွေ ဘုရားပေါ် တက်နေကြတုန်း တဖွဲဖွဲပါပဲ။ ဒီလို ဘုရား တရား ကြည်ညိုတဲ့ တတ်တဲ့
ချစ်စရာကောင်းတဲ့  မြန်မာ လူမျိုးအားလုံး ရဲ့ ဘာသာရေး ယုံကြည်မှုစိတ်ဓာတ်ကောင်းလေးတွေ အနာဂတ်ကာလများတိုင်အောင်
အရှည်တည်တံ့ပါစေလို့ စိတ်ထဲက ဆုတောင်းပေးလိုက်ပါသေးတယ်ရှင်။စေတီတော်မြတ်ကြီးကို ဖူးမြော်လိုက်ရသည်မှာ

အရှည်တည်တံ့ပါစေလို့ စိတ်ထဲက ဆုတောင်းပေးလိုက်ပါသေးတယ်ရှင်။

No comments:

Post a Comment